• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန် အသေခံဗုံးဖေါက်ခွဲမှု ၁၅ ဦး သေဆုံး

(GMT+08:00) 2017-10-06 09:50:27

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစန် ပြည်နယ်တွင် ယခုလ ၅ ရက်နေ့ ညနေပိုင်းက အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ လူ ၁၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် မီဒီယာမှ ၅ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြထားသည်။

ပါကစ္စတန် သမ္မတ ဟိုစန်နှင့် ဝန်ကြီးချုပ် အာဘာစီတို့သည် ယင်း ဗုံးဖေါက်ခွဲမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှတ်ချခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio