• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ကျူးဘား သံတမန်အရာရှိ ၁၅ ဦး နှင်ထုတ်ရန် ကြေညာ

(GMT+08:00) 2017-10-04 09:14:27

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာစွန်က၊ ကျူးဘားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဝန်ထမ်းများ ကျန်းမာရေး မူမမှန်မှု ကိစ္စ အပေါ် တုံ့ပြန်သည့် အနေနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ကျူးဘား သံရုံးမှ သံတမန်အရာရှိ ၁၅ ကို နှင်ထုတ်ရန် ယခုလ ၃ ရက်နေ့က ကြေညာ ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်လာစွန်က၊ ကျူးဘားနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ဝန်ထမ်း ၂၁ ဦးသည် ကျန်းမာရေး မူမမှန်မှု ဖြစ်ပေါ် သဖြင့် အမေရိကန်သည် သံရုံးမှ အရေးပေါ်ရေးရာ မဟုတ်သော ဝန်ထမ်းများကို ဆုတ်ခွါရန် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာ ခဲ့ကြောင်း သတင်းရရှိပါသည်။
   Webradio