• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြစတြေးလျ စစ်သင်္ဘောသစ်တွင် တာဝေးပစ် ဒုံးဖျက်စနစ် တပ်ဆင်မည်

(GMT+08:00) 2017-10-04 08:34:02

သြစတြေးလျ ဝန်ကြီးချုပ် တေဘတ်လ်က၊ အချို့နိုင်ငံမှ ခြိမ်းခြောက်မှုများကို ရင်ဆိုင် ဖြေရှင်းရန်အတွက် ၂၀၂၀ ပြည့်နှစ်မှစ၍ ဆောက်လုပ်မည့် အမျိုးအစားသစ် ကာကွယ်ရေးစစ်သင်္ဘော ၉ စင်းပေါ်၌ တာဝေးပစ် ဒုံးဖျက် စနစ်ကို တပ်ဆင်မည် ဖြစ်ကြောင်း ယခုလ ၃ ရက်နေ့က ကြေညာခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ် သြဂုတ်လတွင် မြောက်ကိုးရီးယားက၊ သြစတြေးလျသည် အမေရိကန်နှင့် မဟာမိတ် ဖွဲ့စည်းခြင်းသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သော လုပ်ရပ်ပင် ဖြစ်သည်ဟု သတိပေး ပြောဆိုခဲ့ကြောင်း သိရပါသည်။

   Webradio