• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြင်သစ်နိုင်ငံ Marseilleတွင် တိုက်ခိုက်မှုကို ပြုလုပ်သည်ဟု အိုင်အက်စ် ဝန်ခံ

(GMT+08:00) 2017-10-02 12:29:35

အစွန်းရောက် အိုင်အက်စ်အဖွဲ့က အောက်တိုဘာလ ၁ရက်နေ့က ပြင်သစ်နိုင်ငံ Marseilleမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ပြုလုပ်ကြောင်း၊ ယင်းသည် ဆီးရီးယားနှင့် အီရတ်တွင် အမေရိကန် ဦးဆောင်သော အိုင်အက်စ်အဖွဲ့အား ရည်ရွယ်သော စစ်ရေး ဆောင်ရွက်မှုများ၌ ပြင်သစ်နိုင်ငံမှ ပါဝင်ဆောင်ရွက်ခြင်းကို လက်စားချေ တုံ့ပြန်မှုပင် ဖြစ်ကြောင်း ထိုနေ့တွင်ပင် ကြေညာသည်ဟု ပြင်သစ် မီဒီယာမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုနေ့ညနေပိုင်းက အမျိုးသား တစ်ယောက်သည် Marseilleမြို့ Saint Charles ရထား ဘူတာရုံတွင် ကြွေးကြော်သံ အော်ဟစ်ပြီး ဓါးဖြင့် သွားလာလှုပ်ရှားကြသူများကို တိုက်ခိုက်ရာ အမျိုးသမီး ၂ဦး သေဆုံးခဲ့ရကြောင်း၊ ၄င်းတိုက်ခိုက်သူကို လုံခြုံရေး တာဝန် ထမ်းဆောင်သူသည် ပစ်သတ်ခဲ့ကြောင်း သိရသည်။

   Webradio