• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၈နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် ပြုသည့်အနေဖြင့် မကာအို အလံတော် လွှင့်ထူပွဲ ကျင်းပ

(GMT+08:00) 2017-10-02 12:26:30

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၈နှစ် ပြည့်မြောက်ခြင်းကို အထိမ်း အမှတ်ပြုသည့်အနေဖြင့် မကာအို အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် အောက်တို ဘာလ ၁ရက်နေ့ နံနက်ပိုင်းက ကျင်းလျန်ဟွား ရင်ပြင်တွင် အလံတော် လွှင့်ထူပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မကာအို အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး ဆွေရှိအန်း၊ မကာအို အထူးအုပ်ချုပ်ရေး ဒေသ ဆိုင်ရာ ဗဟို အစိုးရ ဆက်သွယ်ရေးရုံး ဥက္ကဋ္ဌ ကျင့်ရှောင်စုန်း အပါအဝင် အရာရှိများ၊ မကာအို အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် တစ်ထောင်ကျော်သည် အလံတော် လွှင့်ထူပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio