• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ တရုတ်နိုင်ငံဆိုင်ရာရာ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-10-01 15:52:34

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် လွန်ခဲ့သည့် တစ်နှစ်အတွင်း အသစ် ခန့်အပ်ထားသည့် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန် ၄၀ ဦး နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်အပြီးတွင်၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ၊ နိုင်ငံခြားသံတမန်များသည်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခဲ့သည့် ၆၈နှစ်မြောက်  နေ့ ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံတော်အမျိုးသားနေ့ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည် ဟု သတင်းအရသိရသည်။

 

   Webradio