• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ဦးဆောင်မှုဖြင့် ထိပ်သီးခေါင်းဆောင်များ ပြည်သူ့အာဇာနည်များအား လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားသို့ တက်ရောက်ကြ

(GMT+08:00) 2017-09-30 15:16:02

    စက်တင်ဘာလ ၃၀ရက်နေ့သည် တရုတ် အစိုးရမှ သတ်မှတ်ထားသော အာဇာနည် များအထိမ်းအမှတ်နေ့ ဖြစ်ကြောင်း၊ ပြည်သူ့ အာဇာနည်များအား လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ၃၀ရက်နေ့ နံနက်ပိုင်းက ပီကင်း ထျန်းအန်းမင် ရင်ပြင်တော်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း၊ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်းဒေကျန်း၊ ယွီကျင့်ရှင်း၊ လျူယွင်စန်း၊ ဝမ်ချီစန်းနှင့် ကျန်းကောလိ အပါအဝင် တရုတ် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များနှင့် ပီကင်း အလွှာပေါင်းစုံတို့မှ ကိုယ်စားလှယ်များသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio