• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် ဆိုင်ရာ တရုတ် သံရုံးတွင် ကျင်းပသော တရုတ် အမျိုးသားနေ့ ဧည့်ခံပွဲသို့ ရှင်ဇိုအာဘေး တက်ရောက်

(GMT+08:00) 2017-09-30 15:10:53

စက်တင်ဘာလ ၂၉ရက်နေ့သည် တရုတ်-ဂျပန် သံတမန် ဆက်ဆံမှု ပုံမှန်ပြန်ဖြစ် လာခဲ့သည့် ၄၅နှစ် ပြည့်မြောက်ခြင်းနေ့ ဖြစ်ကြောင်း၊ ဂျပန် ဒေသ စံတော်ချိန် ယခုလ ၂၈ရက်နေ့ညက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေး ဝန်ကြီး တာရို ကိုနိုနှင့် ဝန်ကြီးချုပ်ဟောင်း ယာစူအို ဖူကူဒါ အပါအဝင် နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူ များသည် တိုကျိုမြို့တွင် ဂျပန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ယုံဟွာက ကျင်းပခဲ့သည့် တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ရှင်ဇိုအာဘေး အာဏာကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် ယင်းလှုပ်ရှားမှုသို့ ပထမဆုံး အကြိမ် တက်ရောက်ခြင်းဖြစ်သလို လွန်ခဲ့သည့် ၁၅နှစ် အတွင်း ဂျပန် ဝန်ကြီးချုပ် အနေနှင့် ယင်းလှုပ်ရှားမှုသို့ ပထမဆုံး အကြိမ် တက်ရောက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ပညာရှင်များက ဂျပန် ဝန်ကြီးချုပ် တရုတ် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ခြင်းသည် တရုတ်ပြည်နှင့် ဆက်ဆံမှု ကောင်းမွန်စေရန် ဂျပန် အစိုးရ၏ ပြင်းပြသော ဆန္ဒကို ဖော်ပြနေကြောင်း၊ သို့သော် နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စေရေးနှင့် တိုးတက်ရေးကို လက်တွေ့ထိရောက်စွာ တွန်းအားပေးရေး အတွက် ဂျပန် အနေနှင့် တရုတ်ပြည်နှင့် ဘုံရည်မှန်းချက် အတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း ယူဆကြသည်။

 

   Webradio