• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော်သည် ကုလတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် ထမ်းဆောင်ရန် အမိန့်စောင့် တပ်ဖွဲ့၏ မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ပြီးစီး

(GMT+08:00) 2017-09-29 18:07:21

တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ယခုလ ၂၈ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ တရုတ် တပ်မတော်သည် ယခုလ ၂၂ရက် နေ့က ကုလသမဂ္ဂတွင် တပ်မှူးတပ်သား ၈ထောင်ပါဝင်သော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် ထမ်းဆောင်ရန် အမိန့်စောင့် တပ်ဖွဲ့၏ မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက် ပြီးစီးခဲ့ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

၎င်းက ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် ထမ်းဆောင်ရန် အမိန့်စောင့် တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းသည် တရုတ်ပြည်က နိုင်ငံကြီး တစ်နိုင်ငံ အနေနှင့် ပိုမိုများပြား သည့်နိုင်ငံတကာ တာဝန်ဝတ္တရားများ ထမ်းဆောင်ခြင်းကို ဖော်ပြနေကြောင်း ပြောကြား သည်။

   Webradio