• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၈ရက်နေ့အထိ ၈ ရက်ကြာသော အမျိုးသားနေ့ ရုံးပိတ်ရက်များတွင် တရုတ်ခရီးသည်များအနက် ထိုင်းနိုင်ငံသို့ ခရီးသည်ဦးရေမှာ အများဆုံးဖြစ်

(GMT+08:00) 2017-09-29 14:41:48

    တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်းမှ အွန်လိုင်းလက်မှတ်ရောင်းချရေးကုမ္ပဏီ CTRIP၏ ခန့်မှန်းချက်အရ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၈ရက်နေ့အထိ ၈ ရက်ကြာသော အမျိုးသားနေ့ ရုံးပိတ်ရက်များတွင် တရုတ်နိုင်ငံမှ ပြည်ပသို့ ခရီးသည်ဦးရေသည် ၆ သန်းလောက်ရှိ၍ စံချိန်သစ်တင်မည်ဖြစ်သည်။ ၄င်းအနက် ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးသည်ဦးရေသည် အများဆုံးဖြစ်၍ အခြားခရီးသည်ဦးရေ အများဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် ရုရှားပါဝင်ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio