• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု ဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ ကျင်းပ

(GMT+08:00) 2017-09-29 14:14:00

        ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့က ဝါရှင်တန်မြို့၌ ပထမအကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု ဆွေးနွေးပွဲကို တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလယ်စန်တို့က ပူးတွဲ ဦးစီးကျင်းပခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဆွေးနွေးပွဲတွင် လျူယန်တုန်က ၂၀၁၀ပြည့်နှစ်နောက်ပိုင်း အဆင့်မြင့် ညှိနှိုင်းဆွေးနွေးရေးစနစ် ဘောင်အတွင်း တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု ဆွေးနွေးပွဲစနစ်သည် အောင်မြင်မှုများရရှိပြီး တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio