• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှနှင့် ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့ ကုန်သွယ်ရေး နာလန်ပြန်ထူခြင်း တွန်းအားပေးနေဟု အာရှဖွံ့ဖြိုးရေးဘဏ်ဆို

(GMT+08:00) 2017-09-28 14:43:30

ကမ္ဘာ့ ကုန်သွယ်ရေး နာလန်ပြန်ထူခြင်း၊ အဓိက စီးပွားရေး အုပ်စုများ ခြေလှမ်းမှန် မှန်ဖြင့် ရှင်သန်စွာ တိုးချဲ့ဖွံ့ဖြိုးခြင်းနှင့် တရုတ် စီးပွားရေး ရှေ့အလားအလာ ကောင်းမွန်ခြင်း စသည်များကြောင့် အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစု၏ ဖွံ့ဖြိုးတိုးတက်မှု အားကောင်း လာကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

မကြာခင်က အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ခဲ့သော "၂၀၁၇ခုနှစ် အာရှ ဖွံ့ဖြိုးတိုး တက်ရေး ခန့်မှန်းချက်"တွင် ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်တွင် အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ပြည်တွင်း ထုတ်လုပ်မှု တန်းဖို တိုးနှုန်းမှာ ၅့၉ရာခိုင်နှုန်းနှင့် ၅့၈ရာခိုင်နှုန်း အသီးသီး ရှိမည်ဟု ခန့်မှန်းရကြောင်း ရေးသားဖော်ပြသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ် ထိပ်တန်း စီးပွားရေး ပညာရှင် ယာစူယူကီ စာဝါဒါက အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေနှင့် ကောင်းမွန်သော တာတို စီးပွားရေး အလားအလာကို အပြည့်အဝ အသုံးပြုပြီး ကုန်ထုတ်စွမ်းအား တိုးမြှင့်ရန် အတွက် အကျိုးရှိမည့် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ကာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံကာ ကောင်းမွန်သော မက္ကရို စီးပွားရေး စီမံခန့်ခွဲမှုကို ထိန်းသိမ်းထား၍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာကို တိုးပွားစေရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းအစီရင်ခံစာတွင် အခြား အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုအားကောင်းကြောင်း၊ စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံ၏ ပို့ကုန်ပမာဏ တိုးပွားလာခြင်းသည် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio