• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယ-အမေရိကန်အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးတို့ မျှော်လင့်

(GMT+08:00) 2017-09-27 11:13:36

အိန္ဒိယကာကွယ်ရေးဝန်ကြီး Nirmala Sitharamanသည် ယခုလ၂၆ရက်နေ့က နယူးဒေလီမြို့၌ အလည်အပတ်ရောက်ရှိနေသော အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis နှင့်ဆွေးနွေးပွဲကျင်းပခဲ့ရာ နှစ်ဦးနှစ်ဖက်တို့က အိန္ဒိယ-အမေရိကန်မဟာဗျူဟာ ကာကွယ်ရေးဆိုင်ရာမိတ်ဖက်ဆက်ဆံမှုသည် အခန်းကဏ္ဍသစ်သို့ ရောက်ရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ဆွေးနွေးပွဲအပြီးနောက်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီး Nirmala Sitharamanက အိန္ဒိယ-အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့သည် နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်နှင့်ပတ်သက်၍ ဘက်စဆွေးနွေးပွဲကို ကျင်းပပြီး ဒေသတွင်းအခြေအနေနှင့် ပိုမိုဆိုးဝါးလာသော နိုင်ငံဖြတ်ကျော်အကြမ်းဖက်ခြိမ်းခြောက်မှု ပြဿနာများကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်သတင်းရရှိပါသည်။

   Webradio