• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာကယ် ဂျာမဏီ နိုင်ငံ ဝန်ကြီးချုပ် တာဝန် ဆက်လက် ထမ်းဆောင်မည်

(GMT+08:00) 2017-09-26 18:54:05

ဂျာမဏီ ဒေသ စံတော်ချိန် ယခုလ ၂၅ရက်နေ့ နံနက်ပိုင်းက ဂျာမဏီ နိုင်ငံ ပြည်ထောင်စု လွှတ်တော် ရွေးကောက်ပွဲ၏ ပဏာမရလဒ်ကို ထုတ်ပြန်ခဲ့ရာ လက်ရှိ ဝန်ကြီးချုပ် မာကယ် ဦးဆောင်သော CDUနှင့်CSU ပါတီသည် ဆန္ဒမဲ အများဆုံး ရရှိပြီး ပြည်ထောင်စု လွှတ်တော်တွင် မဲအများဆုံး ပါတီ ဖြစ်မြဲ ဖြစ်နေသေးကြောင်း ဖော်ပြသည်။ ဤသို့ဆိုပါက မာကယ်သည် စတုတ္ထ အကြိမ် အဖြစ် ဂျာမဏီ ဝန်ကြီးချုပ် တာဝန် မုချမလွဲ ထမ်းဆောင်မည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

သို့သော် AFD ပါတီသည် ယခုအကြိမ် ရွေးကောက်ပွဲတွင် တတိယ အကြီးဆုံး ပါတီ ဖြစ်လာပြီး ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် ဂျာမဏီ ပြည်ထောင်စု လွှတ်တော်၌ ဝင်ရောက်သည့် ပထမဆုံး လက်ယာ populism ပါတီ ဖြစ်လာကြောင်း၊ ဥရောပ မီဒီယာများက CDUနှင့်CSU ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ရရှိသည့် မဲဆန္ဒ အရေအတွက်သည် ဒလဟော ကျဆင်းသွားကြောင်း၊ မာကယ်သည် "အပြည့်အဝ ဝမ်းသာမှု မရှိခဲ့သော အနိုင်"ကို ရရှိခဲ့ကြောင်း၊ ဂျာမဏီ နိုင်ငံရေးသည် ညာလှည့်ခဲ့ကြောင်း ဖော်ပြသည်။

 

   Webradio