• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ဗုံးကျဲလေယာဉ်သည် မြောက်ကိုးရီးယား အရှေ့ဘက် ပင်လယ်ရပ်ဝန်းသို့ ပျံသန်း

(GMT+08:00) 2017-09-24 12:54:45

ယခုလ ၂၃ရက်နေ့က အမေရိကန် တပ်ဖွဲ့မှ ဗုံးကျဲလေယာဉ်များသည် တိုက်လေယာဉ် များ၏စောင့်ကြပ်မှုဖြင့် မြောက်ကိုးရီးယား နိုင်ငံ အရှေ့ဘက် ပင်လယ်ရပ်ဝန်းသို့ ပျံသန်းခဲ့ ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထိုနေ့တွင်ပင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် မြောက်ကိုးရီးယား၏ "မိုက်ရိုင်းသည့် လုပ်ရပ်" အပေါ် အမေရိကန်စစ် ဘက်မှ အလွန်အလေးထားခြင်းကို ဖော်ပြသည့် အပြင်၊ မြောက်ကိုးရီးယားမှ ခြိမ်းခြောက်မှု ရင်ဆိုင်ရန် အတွက် အမေရိကန် သမ္မတ ထရမ့်မှ စစ်ရေးရွေးချယ်မှု များစွာရှိခြင်းကို ဖော်ပြနေကြောင်းလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်ရပ် တွင်ဖော်ပြသည်။

   Webradio