• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ချက်များသည် သက်ဆိုင်ရာ ကုမ္ပဏီများ အတွက် အခွင်းကောင်းများ ဆောင်ကြဉ်းလာဟု ပြင်သစ် သက်ဆိုင်ရာ ကုမ္ပဏီဆို

(GMT+08:00) 2017-09-24 12:52:07

ပြင်သစ်နိုင်ငံ ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲရေး ကုမ္ပဏီ ဖြစ်သည့် Veolia ကော်ပို ရေးရှင်းအုပ်စု ဂလိုဘယ် အဆင့်မြင့် အမှုဆောင် ဒုဥက္ကဋ္ဌ၊ အာရှ ဒေသ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ရေဂျစ် ကာမေလ်က လက်ရှိအချိန်တွင် တရုတ်ပြည်သည် ကမ္ဘာပေါ်၌ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်ထိရောက်စွာ တွန်းအားပေးနေ သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အိတ်ဇောငွေ့၊ ညစ်ညမ်းရေနှင့် မြေဆီလွှာ ညစ်ညမ်းမှု ရှင်းလင်းရေး စသည့် နယ်ပယ်များတွင် ဆောင်ရွက်ချက်များကို ထုတ်ပြန်ကျင့်သုံးနေ ကြောင်း၊ ယင်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကုမ္ပဏီများ အတွက် အခွင့်ကောင်းများကို ဆောင်ကြဉ်းလာကြောင်း ယခုလ ၂၂ရက်နေ့က ဟောင်ကောင်တွင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio