• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှ ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများကို ကျူးဘားနိုင်ငံသို့ ရောက်ရှိ

(GMT+08:00) 2017-09-24 12:51:36

ကျူးဘားနိုင်ငံအား တရုတ် အစိုးရမှ ပေးအပ်သော လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ သယ်ဆောင်ထားသော ဘိုအင် ၇၄၇ လေယာဉ် တစ်စဉ်းသည် ယခုလ ၂၂ရက်နေ့ ညနေပိုင်းက ကျူးဘားနိုင်ငံ ဟာဗာနာမြို့တော် ဟိုစေ-မာတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် ကျူးဘားနိုင်ငံ Irma ဟာရီကိန်းမုန်တိုင်း၏ တိုက်ခတ်မှု ခံခဲ့ရသည့် နောက်ပိုင်းတွင် တရုတ်ပြည်မှ ကျူးဘားနိုင်ငံအား လှူးဒါန်းပို့ဆောင်သည့် လူသားချင်း စာနာထောက်ထားမှု ပစ္စည်းများတွင် ကျူးဘားသို့ ရောက်ရှိသည့် ပထမအသုတ် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

   Webradio