• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီတလီဘာသာနှင့် အယ်လ်ဘေးနီးယားဘာသာဖြင့် "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ်သစ် ထုတ်ဝေဖြန့်ချိ

(GMT+08:00) 2017-09-24 12:49:03

အီတလီဘာသာနှင့် အယ်လ်ဘေးနီးယားဘာသာဖြင့် "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ်သစ် ထုတ်ဝေဖြန့်ချိပွဲ အခမ်းအနားများကို ယခုလ ၂၀ရက်နေ့နှင့် ၂၂ရက်နေ့က အီတလီ နိုင်ငံ ရောမမြို့တော်နှင့် အယ်လ်ဘေးနီးယား နိုင်ငံ တီရာနာမြို့တော်တွင် အသီးသီး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအခမ်းအနားများကို တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး၊ တရုတ် နိုင်ငံခြားဘာသာဌာန၊ အီတလီ အထက်လွှတ်တော်၊ အီတလီနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးနှင့် အယ်လ်ဘေးနီးယား နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အီတလီ အထက်လွှတ်တော် ဥက္ကဋ္ဌ ဂရာစိုနှင့် အယ်လ်ဘေးနီးယား သမ္မတ မေတာ သည် အခမ်းအနားသို့ အသီးသီး တက်ရောက် မိန့်ခွန်းပြောကြားသည်ဟု သိရသည်။

   Webradio