• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မက္ကဆီကို ငလျင်တွင် သေဆုံးသူ ဦးရေ ၂၂၅ အထိ တိုးလာ

(GMT+08:00) 2017-09-21 09:38:21

မက္ကဆီကို နိုင်ငံ သက်ဆိုင်ရာမှ ယခုလ ၂၀ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ၊ မက္ကဆီကို၌ ဖြစ်ပွါးခဲ့သော အင်အားပြင်း ငလျင်ဘေးတွင် လူ ၂၂၅ ဦးထက် မနည်း သေဆုံး ခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၄ မိနစ်တွင် မက္ကဆီကို နိုင်ငံတွင် ရစ်ခ်ျတာစကေး ၇့ ၁ အဆင့် ငလျင် ဖြစ်ပွါးခဲ့ကြောင်း၊ ငလျင်၏ ဗဟိုချက်မနေရာသည် မက္ကဆီကိုစီးတီးနှင့် ကီလိုမီတာ ၁၂၀ ခန့် ကွာဝေးကြောင်း သတင်းရရှိပါသည်။

   Webradio