• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မိသားစုကြီး အနေနှင့် မြန်မာပြည်တွင်း အချင်းပွါးမှု ဖြေရှင်းရန် အကြံကောင်း ဥာဏ်ကောင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

(GMT+08:00) 2017-09-20 09:38:51

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၉ ရက်နေ့က နေပြည်တော်၌ နိုင်ငံ ၉၀ ကျော်မှ သံတမန်အရာရှိများအား မိန့်ခွန်း ပြောကြားပြီး၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် မြန်မာပြည်တွင်း အချင်းပွါးမှု ဖြေရှင်းရန်အတွက် အကြံကောင်း ဥာဏ်ကောင်းပေးရန် ပန်ကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်က၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ရခိုင်ပြည်နယ် အခြေအနေကို အာရုံစူးစိုက်နေကြောင်း၊ မိမိတို့သည် လူ့အခွင့်အရေးကို ကျူးကျော် ထိပါးသော ဆောင်ရွက်မှုနှင့် တရားမဝင် အကြမ်းဖက်မှု မှန်သမျှကို ပြစ်တင် ရှုတ်ချကြောင်း၊ မိမိတို့သည် ရခိုင်ပြည်နယ် ဒေသအရပ်ရပ်၌ ငြိမ်းချမ်း တည်ငြိမ်မှုနှင့် ဥပဒေ စိုးမိုးမှု ပြန်လည်ရရှိစေရေးအတွက် ကြိုးပမ်းနေကြောင်း၊ မိမိတို့၏ ဆန္ဒနှင့် ပြဿနာကို နားလည်၊ စာနာသော မိတ်ဆွေများသည် မိမိတို့နှင့်အတူ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သင့်မြတ်ရေးအတွက် လမ်းကြောင်းသစ် ရှာကြံရန် မိမိ ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio