• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-09-13 16:16:43

      ဂျမေကာနိုင်ငံတွင် ခရီးလှည့်လည်ခဲ့ပြီးနောက်၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် လှည့်လည်ခရီးသွားသည့် တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေဆုံနှုတ်ဆက်ခဲ့ရာ၌ ယန်ကျယ်ချီက တရုတ်-အမေရိကန်ဆက်ဆံမှု ကောင်းမွန်သော ဖွံ့ဖြိုးရေးအခြေအနေကို ထိန်းသိမ်းထားခြင်းသည်၊ နှစ်နိုင်ငံတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက၊ နိုင်ငံတကာမိသားစုကြီး၏ တူညီသော လိုအင်ဆန္ဒ လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio