• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ အစိုးရသည် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရွှေပြောင်းရသော ပြည်သူများအား ထောက်ပံ့ကူညီမည်

(GMT+08:00) 2017-09-13 10:18:37

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၁၁ ရက်နေ့ညက ကြေညာချက် ထုတ်ပြန်ပြီး၊ မြန်မာ အစိုးရသည် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းရသော ပြည်သူများအား ထောက်ပံ့ကူညီမှုပေးမည် ဖြစ်ကြောင်း ဖေါ်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီမှ ၅ ရက်နေ့က ထုတ်ပြန်ချက်အရ၊ ယခုလ ၂၅ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့သည့်နောက် ရခိုင် ပြည်နယ်တွင် တိုက်ခိုက်မှု စုစုပေါင်း ၉၇ ကြိမ် ဆက်လက် ဖြစ်ပွါးခဲ့ရာ လူ ဆယ်ပေါင်းများစွာ သေဆုံးပြီး ၂၆၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

   Webradio