• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သဲကန္တာရဖြစ်မှု မတိုးပွါးရေး ရည်မှန်းချက် တရုတ် ဖေါ်ဆောင်

(GMT+08:00) 2017-09-12 09:46:43

ကုလသမဂ္ဂ သဲကန္တာရ ဖြစ်မှု ပြုပြင်ရေးနှင့် ကြိုတင်ကာကွယ်ရေး သဘောတူ စာချုပ်ဝင် နိုင်ငံများ ၁၃ ကြိမ်မြောက် ညီလာခံ အဆင့်မြင့် အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့က တရုတ်ပြည် အတွင်းမွန်ဂိုးပြည်နယ် အေရ်တိုစ်မြို့၌ ကျင်းပ ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ သဝဏ်လွှာကို ဖတ်ကြားပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ဝမ်ယန်က၊ တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ထိပ်သီး အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ကတိခံဝန်ချက်များကို ထိရောက်စွာ ဖေါ်ဆောင် သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ်ပြည်၏ သဲကန္တာရ ဖြစ်မှု ပြုပြင်ရေး နယ်ပယ်တွင် အကျိုးသက်ရောက်မှုများ ထင်ရှားပြီး တရုတ်နိုင်ငံတော် သစ်တောလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် လျူတုန်ရှင်က၊ တရုတ်နိုင်ငံသည် သဲကန္တာရဖြစ်မှု မတိုးပွါးရေး ရည်မှန်းချက် ဖေါ်ဆောင်ပြီဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio