• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်လှစ်မည်

(GMT+08:00) 2017-09-11 09:27:09

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကွမ်ရှီး ပြည်နယ် နန်နင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိနှင့် ဘရူနိုင်း ဆူဒန်ဘုရင်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ ဗီယက်နမ် ဒုဝန်ကြီးချုပ် အပါအဝင် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်တို့သည် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ဝက်ဘဆိုဒ်မှ သတင်းအရ သိရပါသည်။

၂၀၁၇ ခုနှစ် မေလ အထိ စာရင်းအရ၊ တရုတ်နှင့် အာဆီယံ အကြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၃ ဘီလီယံ ရှိပြီ ဖြစ်ပြီး ယင်းတို့အနက် တရုတ်ပြည်၌ အာဆီယံ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံ ရှိကြောင်း သတင်းရရှိပါသည်။

   Webradio