• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဟွာချွန်းယဉ်ပြောကြား

(GMT+08:00) 2017-09-02 11:13:21

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယဉ်က၊ BRICS ၏ အလှည့်ကျသဘာပတိနိုင်ငံအနေနှင့်၊ တရုတ်ပြည်သည်၊ အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကြိုးပန်းပြီး၊ BRICS ကို ပိုမိုကြီးထွားစေရန် ထူထောင်သွားလိုကြောင်း ယခုလ ၁ ရက်နေ့က ပီကင်းပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိ ရသည်။

ဟွာချွန်းယဉ်က ဆယ်နှစ်ကြာဖွံ့ဖြိုးတိုးတက်ပြီး၊ BRICSနိုင်ငံများသည်၊ ကမ္ဘာ့ စီးပွားရေးတိုးတက်မှုအားသစ်လောင်းရေး၊ ကမ္ဘာ့စည်းစနစ်ပြောင်းလဲမှုတွန်းအားပေးရေးနှင့် နိုင်ငံတကာအေးချမ်းတည်ငြိမ်မှုထိန်းသိမ်းရေးအတွက် သော့ချက်ကျသော အင်အားဖြစ် လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio