• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အာရှအိုလံပစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-28 14:40:01

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၂၇ ရက်နေ့က ထျန်ကျင်းမြို့တွင် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လျက်ရှိသည့် အာရှအိုလံပစ်ကောင်စီဥက္ကဋ္ဌ မင်းသားကြီး Al-Ahmed နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ တရုတ်အားကစားကာယလုပ်ငန်း နှင့် အာရှအားကစားလုပ်ငန်းဖွံ့ဖြိုးမှုတိုးမြှင့်ပေးရေးအတွက် လွန်ခဲ့သည့်နှစ်များအတွင်း အာရှအိုလံပစ်ကောင်စီမှ တက်ကြွသော စွမ်းဆောင်မှုများအပေါ် ကျေးဇူးတင်ရှိ ပါ ကြောင်း၊ တရုတ်ပြည်အနေနှင့်၊ အာရှအိုလံပစ်ကောင်စီအား ဆက်လက်ထောက်ခံသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio