• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် နိုင်ငံတကာ စက်ရုပ် ညီလာခံ ကျင်းပ

(GMT+08:00) 2017-08-24 09:26:21

၅ ရက်ကြာ ကျင်းပမည့် နိုင်ငံတကာ စက်ရုပ်ညီလာခံကို ယခုလ ၂၃ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ညီလာခံ၏ ရည်မှန်းချက်မှာ နိုင်ငံတကာ စက်ရုပ် သုတေသနပြုရေးနှင့် ဆန်းသစ်ရေးဆိုင်ရာ နည်းပညာ အောင်ကျိုးရလဒ်များကို ပြသရန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပလက်ဖေါင်းကို ထူထောင်ပေးရန် ဖြစ်သည်။

ယခုအကြိမ် ညီလာခံ ကျင်းပစဉ်အတွင်း ဖိုရမ်၊ ပြပွဲနှင့် ပြိုင်ပွဲများကို ပြုလုပ်မည် ဖြစ်ပြီး ပြည်တွင်းပြည်ပမှ စက်ရုပ်နယ်ပယ်တွင် နာမည်ကြီး ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်တို့သည် ညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတကာ စက်ရုပ်ညီလာခံကို တရုတ် သိပံ္ပနည်းပညာ အသင်း၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ပီကင်း အစိုးရဌာနတို့ ပူးတွဲ ကျင်းပခြင်း ဖြစ်သည်ဟု သတင်းရရှိပါသည်။

   Webradio