• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ထရန့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2017-08-12 16:22:59

        ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အမေရိကန်သမ္မတ ထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        နှစ်ဖက်ခေါင်းဆောင်တို့သည် ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်နှင့် အမေရိကန်တို့သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲဒေသ ဖြစ်စေရေး၊ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးတို့ဘက်တွင် တူညီသော အကျိုးစီးပွား ရှိကြောင်း အလေးထားပြောကြားသည်။

   Webradio