• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်အာဖရိကတွင် BRICS နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်၏ ပထမဦးဆုံး ဒေသဆိုင်ရာ ဘဏ်ခွဲ ဖွင့်မည်

(GMT+08:00) 2017-08-11 11:19:53

BRICS နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် ဥက္ကဌ ကာမာသ်က သြဂုတ်လ ၁၇ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ၌ မိမိတို့ဘဏ်၏ ပထမဦးဆုံး ဒေသဆိုင်ရာ ဘဏ်ခွဲကို ဖွင့်လှစ်မည်ဟု၊ ယခုလ ၉ရက်နေ့က ရှန်ဟဲမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

BRICS နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်၏ စီမံချက်အရ လာမည့် ၅နှစ်အတွင်း ချေးငွေ ၃ပုံ ၂ပုံကို ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနယ်ပယ်တွင် အသုံးပြုသွားမည်ဟု ကာမာသ်က ပြောကြားခဲ့ပါသည်။

   Webradio