• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် ဂေဟစနစ် တည်ဆောက်ရေး တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်

(GMT+08:00) 2017-08-10 15:13:58

လွန်ခဲ့သည့် ၅နှစ် အတွင်း ရေ၊မြေဆီလွှာနှင့် လေထု ညစ်ညမ်းမှုကို ပြုပြင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းရေး အတွက် တရုတ်ပြည်သည် စူးစမ်းလေ့လာမှုနှင့် လက်တွေ့ ဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ်ပြည် အရှေ့ပိုင်း စန်းတုန်းပြည်နယ် ရိကျောက်မြို့တွင် မကြာခင် နှစ်များက  ဖြစ်ပေါ်လာသော ညစ်ညမ်းရေ ထုတ်လွှတ်ခြင်း ပြဿနာကြောင့် မြစ်များကို ဆိုးရွားစွာ ညစ်ညမ်းစေခဲ့ကြောင်း၊ လွန်ခဲ့သည့် စက်တင်ဘာလက ရိကျောက်မြို့သည် "ကြည်လင် သည့်မြစ်များ" လုပ်ဆောင်မှုကို စတင် ဖော်ဆောင်ခဲ့ကြောင်း၊ လာမည့် ၅နှစ် အတွင်း တစ်မြို့လုံးရှိ မြစ် ၆၁သွယ်ကို ဘက်စုံစနစ်တကျရှိသော ပြုပြင်ရေးကို ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ မြစ်ရေနှင့် ရေကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ရေကန်နှင့်မြစ် အုပ်ချုပ်ရေးမှူး စနစ်ကို စတင် ကျင့်သုံးခဲ့ခြင်းသည် ၄င်းလုပ်ဆောင် မှုတွင် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၎င်းစနစ်သည် ပြီးခဲ့သည့် ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်ပြည် စတင် ကျင့်သုံး ခဲ့သည့် မြစ်နှင့်ရေကန် စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ စနစ် တစ်မျိုး ဖြစ်ကြောင်း၊ ၄င်းစနစ်တွင် ပြည်နယ်၊ မြို့၊ ခရိုင်နှင့် ကျေးရွာ ၄ဆင့်ခွဲပြီး ရေကန်နှင့်မြစ် အုပ်ချုပ်ရေးမှူး စနစ်များ ပါဝင်ကြောင်း၊ အစိုးရ အဆင့်ဆင့်မှ အဓိက တာဝန်ခံ ပုဂ္ဂိုလ်သည် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရန် သတ်မှတ်ထားကြောင်း၊ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်ပြည် တစ်ပြည်လုံးတွင် မြစ်ရေနှင့် ရေကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ရေကန်နှင့်မြစ် အုပ်ချုပ်ရေးမှူး စနစ်ကို ဘက်စုံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

   Webradio