• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် လီခေ့ချန်တို့ ကျိုကျိုက်ကိုး ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်း ညွှန်ကြား

(GMT+08:00) 2017-08-09 08:17:37

ယခုလ ၈ ရက်နေ့ည ၁၁ နာရီခွဲ အချိန်အထိ တရုတ်ပြည် စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး၌ ဖြစ်ပွါးခဲ့သော ရစ်ခ်ျတာစကေး ၇ အဆင့် ငလျင်ဘေးကြီးကြောင့် လူ ၅ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ဘေးကယ်ဆယ်ရေး လုပ်ငန်းကို လျင်မြန် ထိရောက်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က၊ ဘေးသင့် ပြည်သူများကို ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်း နေရာချပေးရန်၊ ငလျင်ဘေး တိုင်းတာရေး လုပ်ငန်းကို အားဖြည့်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နိုင်ငံတော်ကောင်စီသည် နိုင်ငံတော် ဘေးအန္တရာယ် လျှော့ချရေးကော်မတီနှင့် နိုင်ငံတော်ကောင်စီ ငလျင်ဘေးကယ်ဆယ်ရေး ဦးစီးဌာနတို့ ဖွဲ့စည်းသော လုပ်ငန်း အဖွဲ့ကို ငလျင်ဖြစ်ပွါးရာဒေသသို့ စေလွှတ်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio