• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိက မိုကေရီနီနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-08 12:44:13

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ်လ ၇ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒ အဆင့်မြင့် ကိုယ်စားလှယ် မိုကေရီနီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လက်ရှိ ကိုးရီးယားကျွန်းဆွယ်အခြေအနေအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထုတ်ဖော်ရှင်းလင်းရာတွင် ဝမ်ယိက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုးရီးယား ကျွန်းဆွယ်ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်ကို ဘက်စုံ အပြည့်အဝ ကျင့်သုံးဆောင်ရွက် သင့်ကြောင်း၊ အလေးထား ပြောကြားခဲ့ပါသည်။

မိုကေရီနီက အီရန်နျူကလီးယားနှင့် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား စသော ပြဿနာများကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏အရေးကြီး အခန်းကဏ္ဍကို ဥရောပသမဂ္ဂသည် ချီးကျူးပါကြောင်း၊ ပြောကြားခဲ့ပါသည်။

   Webradio