• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ ဆိုင်းဘုတ်ချိတ်တင်ပွဲ စုန့်ထောင်း တက်ရောက်

(GMT+08:00) 2017-08-07 15:12:59

ယခုလ ၅ရက်နေ့က တရုတ်ပြည်မှ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော တရုတ်- မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ်(ယခင်က ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ)၏ ဆိုင်းဘုတ်ချိတ်တင်ပွဲကို မြန်မာ နိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံခြား ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စုန့်ထောင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ၊ ဒေါက်တာ သက်ခိုင်ဝင်းတို့သည် ၄င်းဆိုင်းဘုတ်ချိတ်တင်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်၊ တရုတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ အဖွဲ့ အတွင်းရေးမှူးချုပ် ရွှီကျန့်ကို အပါအဝင် ပုဂ္ဂိုလ်များသည်လည်း ၄င်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်း အရ သိရသည်။

၎င်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ စုန့်ထောင်းက တရုတ်ပြည်သည် ပိုမို များပြားသော တရုတ် လူ့ဘောင်အဖွဲ့အစည်းများအား မြန်မာနိုင်ငံတွင် ဝင်ရောက်ပြီး မြန်မာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်ရော၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်ပါ အကျိုးပြု စွမ်းဆောင်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio