• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား ဆိုင်ရာ ကုလသမဂ္ဂမှ အတည်ပြုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝမ်ယိ ပြောကြား

(GMT+08:00) 2017-08-07 15:11:45

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယခုလ ၆ရက်နေ့ နံနက်လင်းအားကြီး အချိန်တွင် ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ကို အတည်ပြု ပြဌာန်းခဲ့ရာ မြောက်ကိုးရီးယား၏ ဒုံးခွင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို တစ်ဆင့်တိုး အရေးယူမည်ဟု ဖော်ပြခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ၄င်းဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ကိုးရီးယား ကျွန်းဆွယ် အခြေအနေသည် အလွန် သော့ချက်ကျသော အချိန်သို့ ရောက်ရှိနေကြောင်း၊ မြောက်ကိုးရီးယား၏ နျူကလီးယား လက်နက်နှင့် ဒုံးကျည် ဖွံ့ဖြိုးရေးကို တားမြစ်ရန် ဆောင်ရွက်သည့် အပြင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမြန်ဆုံး ပြန်လည် ကျင်းပနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် သည်းခံစိတ် ထားပြီး မကြာခင်က သက်ဆိုင်ရာဘက်မှ အပြုသဘောဆောင်သော အချက်ပြအမှတ် အသား များကို လက်မလွှတ်ဘဲ မိမိနိုင်ငံ ပြည်သူများနှင့် ဒေသတွင်း ငြိမ်းချမ်းရေး အပေါ် တာဝန်ယူတတ်ပြီး မှန်ကန်သည့် ရွေးချယ်မှု ပြုလုပ်သင့်ကြောင်း ပြောကြားသည်ဟု သိရသည်။

   Webradio