• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သည့် အဂတိလိုက်စားသူများ လိုက်လံရှာဖွေခြင်းတွင် တရုတ် အောင်မြင်မှုများ ရရှိ

(GMT+08:00) 2017-08-07 15:10:32

ဇူလိုင်လ ၃၁ရက်နေ့က အမေရိကန် နိုင်ငံတွင် တွက်ပြေးတိမ်းရှောင်သည်မှာ ၁၉နှစ်ကြာရှိပြီ ဖြစ်ပြီး တရုတ် အစိုးရမှ ထုတ်ပြန်ခဲ့သော နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင် သည့်အဂတိလိုက်စားသူ ၁၀၀ နာမည်ပျက်စာရင်းတွင် တစ်ယောက် အပါအဝင် ဖြစ်သော ဟွမ်ဟုန်သည် တရုတ်ပြည်သို့ ပြန်လည် ရောက်ရှိပြီး အပြစ်ဝန်ခံ၍ အဖမ်းခံခဲ့ကြောင်း၊ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ၄င်းဖမ်းဝရန်း၌ ဟွမ်ဟုန်သည် အဖမ်းခံရသည့် ၄၃မြောက် အဂတိ လိုက်စားသူဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးသည် အဆင့်ကာလသစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ ပြည်တွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကို အင်တိုက်အားတိုက် ဆောင်ရွက်သည့် တစ်ချိန်တည်းတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သည့် အဂတိလိုက်စားသူများ လိုက်လံရှာဖွေခြင်း၊ အရေးယူခြင်းနှင့် ၄င်းတို့၌ လာဘ်စားခဲ့သည့် ငွေများ လိုက်လံရှာဖွေခြင်း လုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက် နေကြောင်း၊ တရုတ် ပြည်သူ့ လုံခြုံရေး၊ တရားရေး၊ ငွေရေးကြေးရေးနှင့် နိုင်ငံခြားရေး လုပ်ငန်းဌာနများသည် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုများ ရရှိခဲ့ ကြောင်းစီအာအိုင်က ရေးသားဖော်ပြသည်။

    တရုတ်ပြည်သည် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သည့် အဂတိလိုက်စားသူများ လိုက်လံရှာဖွေခြင်း၊ အရေးယူခြင်းနှင့် ၄င်းတို့၌ လာဘ်စားခဲ့သည့် ငွေများ လိုက်လံ ရှာဖွေခြင်း ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုသစ်များ ရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က တရုတ်ပြည်နှင့် ကနေဒါနိုင်ငံသည် လိုက်လံရှာဖွေ ရရှိသော ငွေနှင့် ဥစ္စာဓနများ အတူမျှဝေခံစားရေးနှင့် လွှဲပြောင်းပေးအပ်ခြင်း သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည် ချုပ်ဆိုခဲ့သော ပထမဆုံး သက်ဆိုင်ရာ သဘောတူ စာချုပ် ဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ်က တရုတ်ပြည်သည် ပြင်သစ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သော အဂတိလိုက်စားသူကို လွှဲပြောင်းယူခဲ့ကြောင်း၊ ထို့အပြင်၊ အာဆီယံနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

   Webradio