• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"လင်ကြည်း"မှို စိုက်ပျိုးခြင်းဖြင့် တရုတ်ပြည် ရှီဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေး လင်ကြည်မြို့ ဆင်းရဲမှု လျှော့ပေါ့ရေး ဆောင်ရွက်

(GMT+08:00) 2017-08-05 13:22:29

ရှေးအခါမှစ၍ "လင်ကြည်း"ဟု ခေါ်ဝေါ်ကြသည့် တရုတ် တိုင်းရင်းဆေးဘက်ဝင် အာဟာရ ပြည့်စုံကောင်းမွန်သော မှိုတစ်မျိုးသည် လူအများ၏ စိတ်ထဲမှာ ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံခြင်း၊ ချမ်းသာစည်းစိမ်ခြင်းနှင့် အသက်ရှည်ခြင်း အမှတ် လက္ခဏာ ဖြစ်ကြောင်း၊ တရုတ်ပြည် ရှီဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လင်ကြည် သည် "လင်ကြည်း" စိုက်ပျိုးရေး အတွက် ထူးကဲကောင်းမွန်သည့် သဘာဝ အခြေအနေ ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၀၁၆ခုနှစ် ဇွန်လက လင်ကြည်မြို့ ဘာယီ ရပ်ကွက် လန်အို ကျေးရွာသည် ၄င်းအားသာချက်ကို အသုံးပြုပြီး တရုတ်ယွမ်ငွေ ၂သိန်း၂သောင်းကို ရင်းနှီး ကာ "လင်ကြည်း" စိုက်ပျိုးခြင်းဖြင့် ဆင်းရဲမှု လျှော့ပေါ့ရေး လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် နှစ်ကုန်အထိ လန်အိုကျေးရွာတွင် အိမ်ထောင်စု ၇စုမှ ဆင်းရဲသူ ၁၈ဦး၏ ဆင်းရဲမှုကို ပပျောက်စေခဲ့ပြီး အိမ်ထောင်စု ၄၇စုမှ လူ ၁၉၃ဦးသည် ချမ်းသာရေး လမ်းကြောင်းပေါ် တက်လှမ်းခဲ့ကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio