• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စုန့်ထောင်းနှင့် ဦးဝင်းမြင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-08-05 13:17:26

ယခုလ ၄ရက်နေ့က မြန်မာ နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စုန့်ထောင်းသည် နေပြည်တော်၌ မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် စုန့်ထောင်က တရုတ်-မြန်မာ ချစ်ကြည်ရေး ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်ပြည်အနေနှင့် မြန်မာ နိုင်ငံက မြန်မာ ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အားပေးထောက်ခံကြောင်း ပြောကြားသည်။

ဦးဝင်းမြင့်က မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ အာဏာကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် မြန်မာ-တရုတ် ဆက်ဆံမှုသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ Belt and Road တည်ဆောက်ရေးတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် မြန်မာနိုင်ငံက မျှော်လင့်ကြောင်း ပြောကြား သည်။

 

   Webradio