• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စုန့်ထောင်းကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-08-05 13:13:36

ယခုလ ၄ရက်နေ့က မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် အလည်အပတ် ရောက်ရှိသော တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စုန့်ထောင်းနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် စုန့်ထောင်းက မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ ကျင့်သုံးသည့် တရုတ်ပြည် အပေါ် ချစ်ကြည်ရေး မူဝါဒကို တရုတ်ပြည်က ချီးကျူးကြောင်း၊ တရုတ်ပြည်သည် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ခံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့နက်ရှိုင်းစေလိုကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကူးလူးဖလှယ်မှုကို အားဖြည့်ပြုလုပ်ပြီး တရုတ်-မြန်မာ ဆက်ဆံ မှုအဆက်မပြတ် တိုးတက်စေရန် အတွက် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံသည် တရုတ်ပြည်နှင့် ဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရန် အလွန် အလေးထားကြောင်း၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုများကို ကျေးဇူးတင်ရှိ ကြောင်း၊ မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

   Webradio