• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျယ့်ကျန်းပို့ကုန်ပြပွဲသည် တရုတ်-ဗီယက်နမ်စီးပွားကုန်သွယ်ရေးကို တွန်းအားပေး

(GMT+08:00) 2017-08-04 14:43:04

ဆဋ္ဌမကြိမ်မြောက်ကျယ့်ကျန်းပြည်နယ်ပို့ကုန်ပြပွဲကို ယခုလ၃ရက်နေ့က ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ပြည်ကျယ့်ကျန်းပြည်နယ်မှ လုပ်ငန်းကုမ္ပဏီ၁၀၀ခန့် ပါဝင်ပြီး ကုန်မာပစ္စည်း၊ စက်​ယန္တ​ရား၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို ခင်ကျင်းပြသကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌါနအာရှပစိဖိတ်ရေးရာဦးစီးဌါနဒုညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြားစီးပွားကုန်သွယ်မှု၏ ရှေ့အလားအလာကောင်းမွန်ကြောင်း၊ ကျယ့်ကျန်း ပို့ကုန်ပြပွဲသည် နှစ်နိုင်ငံစီးပွားကုန်သွယ်မှု ကူးလူးဖလှယ်မှုကို တွန်းအားပေးသော အရေးကြီးပလက်ဖောင်းအဖြစ်ဆက်လက်ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio