• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်နှင့် အာဆီယံ စီးပွား ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်

(GMT+08:00) 2017-08-04 14:00:27

တရုတ်ပြည် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး Carrie Lam Cheng Yuet-ngorသည် ယခုလ ၂ရက်နေ့မှ ၄ရက်နေ့အထိ စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်ကြောင်း၊ ယင်းသည် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင် ခဲ့သည့်နောက် ပိုင်းတွင် ၄င်း၏ ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ် ဖြစ်ပြီး အာဆီယံနှင့် စီးပွား ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရေး အပေါ် ဟောင်ကောင်၏ အလေးထားမှုကို ဖော်ပြနေကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မူလက ဟောင်ကောင်နှင့် အာဆီယံ အကြား နွေးထွေးသော စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ရှိကြောင်း၊ Belt and Road အဆိုပြုချက်နှင့်အညီ ဟောင်ကောင်သည် ကိုယ့် အားသာချက်ကို အသုံပြုပြီး ပိုမိုကြီးမားသည့် အခန်းကဏ္ဍကို ဖော်ထုတ်ကာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုကြီးမားသော ရှေ့အလားအလာ ရှိကြောင်းလည်း ဟောင် ကောင်စီးပွားကုန်သွယ်ရေး ပုဂ္ဂိုလ်များက ယူဆကြသည်။

Carrie Lam Cheng Yuet-ngorက ယခုအကြိမ် ခရီး မထွက်ခင်က မီဒီယာများနှင့် တွေ့ဆုံရာတွင် စင်ကာပူနှင့် ထိုင်းနိုင်ငံကို ပထမဦးဆုံး ခရီးလှည့်လည်သည့် အကြောင်းရင်း မှာ ဟောင်ကောင်နှင့် အာဆီယံ၏ ဆက်ဆံမှု အလွန် နွေးထွေးပြီး အာဆီယံသည် ဟောင်ကောင်၏ ဒုတိယ အကြီးဆုံး ကုန်စည် ကူးသန်းရောင်းဝယ်ရေး မိတ်ဖက် ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လ လကုန်ပိုင်းက ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ အစိုးရ စာရင်းကောက်ယူရေး ဌာနမှ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ဇွန်လက ဟောင်ကောင်မှ အာရှသို့ ကုန်စည် တင်ပို့ရောင်းချမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၄့၁ရာခိုင်နှုန်း တိုးလာကြောင်း၊ အဓိက တင်ပို့ရောင်းချသည့် နိုင်ငံများတွင် စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် အပါအဝင် အာဆီယံ နိုင်ငံများ ပါဝင်ကြောင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူ စသည့် အာဆီယံ နိုင်ငံများမှ ဟောင်ကောင်၏ ကုန်စည် တင်သွင်းဝယ်ယူမှု ပမာဏသည်လည်း များစွာ တိုးလာခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဇွန်လအထိ ဟောင်ကောင်တွင် အာဆီယံ ကုမ္ပဏီ ၅၄၇ခု ရှိကြောင်း၊  ယင်းကုမ္ပဏီများတွင် ၅၄ခုသည် ဟောင်ကောင်တွင် ဒေသတွင်း ရုံးဌာနချုပ် ထားရှိပြီး ၁၃၆ခု ဒေသတွင်း ရုံးဌာန ထားရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

   Webradio