• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road တည်ဆောက်ရာတွင် လက်တွဲ ဖွံ့ဖြိုးတိုးတက်ကြမည်ဟု ဝမ်ယိဆို

(GMT+08:00) 2017-08-04 12:46:37

        တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၃ ရက်နေ့က ပီကင်းမြို့၌ တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဝူစအိုလူနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိက Belt and Road တည်ဆောက်ကြရေးသည် တရုတ်-တူရကီ နှစ်ဖက် တူညီသော အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်ပြည်ဘက်သည် အယ်ဒိုအန်သမ္မတက တရုတ်ပြည်၌ ကျင်းပသော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ခြင်းကို ချီးကျူးပြီး တူရကီပြည်ဘက် အနေနှင့် ယင်းဖိုရမ်အတွက် အကျိုးပြုစွမ်းဆောင်ခဲ့ခြင်းအပေါ်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

   Webradio