• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ဖြေရှင်းရန် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲသည် တစ်ခုတည်းသော ဖြေရှင်းရေးနည်းလမ်းဖြစ်ဟု ဝမ်ယိဆို

(GMT+08:00) 2017-08-04 12:46:05

        တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၃ ရက်နေ့က ပီကင်းမြို့၌ တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဝူစအိုလူနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယိက မကြာခင်ရက်များက Masjid Aqsa ဗလီကျောင်း အရေးအခင်းကြောင့် ပါလက်စတိုင်း-အစ္စရေး အခြေအနေ ထပ်တစ်ကြိမ်ဆိုးဝါးလာပြီးနောက် တရုတ်ပြည်ဘက်သည် ဇူလိုင်လအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ သဘောပတိနိုင်ငံအနေနှင့် ထမ်းဆောင်သင့်သော တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ပြီး လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပခြင်း အပါအဝင် ဖြန်ဖြေဆောင်ရွက်ကာ အခြေအနေ လျှော့ပေါ့စေရန်နှင့် အငြင်းပွားမှု မဆိုးဝါးစေရန်အတွက် နိုင်ငံတကာမိသားစုကြီးနှင့်အတူ လက်တွဲဆောင်ရွက်ကြကြောင်း ပြောကြားသည်။

   Webradio