• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အာဆီယံကို သံတမန်ရေးအရ ဦးစားပေးရန်နှင့် Belt and Road ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် အရေးကြီးဒေသ အဖြစ် သဘောထားနေ

(GMT+08:00) 2017-08-04 08:49:54
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံအဖွဲ့ တည်ထောင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများသို့ တက်ရောက်တော့မည့် အခါသမယတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို လွန်စွာ အလေးထားကြောင်း၊ အာဆီယံကို သံတမန်ရေးအရ ဦးစားပေးရန်နှင့် Belt and Road ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် အရေးကြီးဒေသ အဖြစ် သဘောထားနေကြောင်း ယခုလ ၃ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio