• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် အာဆီယံအဖွဲ့ ထူထောင်ခဲ့သည့် နှစ်၅၀ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုသို့ တက်ရောက်မည်

(GMT+08:00) 2017-08-03 14:52:11

အာဆီယံအလှည့်ကျသဘာပတိနိုင်ငံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ခါရေတာနို၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ ကျင်းပမည့် တရုတ်-အာဆီယံ(၁၀+၁) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား (၁၀+၃) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသတွင်းဖိုရမ်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် အာဆီယံအဖွဲ့ ထူထောင်ခဲ့သည့် နှစ်၅၀ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုသို့ တက်ရောက်မည်ဟု၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က သြဂုတ်လ ၃ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio