• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂမ် ဗလီကျောင်း တစ်ကျောင်း တိုက်ခိုက်မှုခံ လူ ၂၉ ဦး သေဆုံး

(GMT+08:00) 2017-08-02 10:37:27

အာဖဂမ်နိုင်ငံ အနောက်ပိုင်းဒေသ ဟေရာဒ်ပြည်နယ်ရှိ ဗလီကျောင်း တစ်ကျောင်းတွင် ယခုလ ၁ ရက်နေ့ညက အစွန်းရောက် လက်နက်ကိုင်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု ခံခဲ့သဖြင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၆၄ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ပြည်နယ်အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လက်ရှိအချိန်အထိ ယင်း တိုက်ခိုက်မှုကို ပြုလုပ်သည်ဟု ကြေညာသည့် အဖွဲ့အစည်း တစ်စုံတရာ မရှိသေးကြောင်း သိရပါသည်။

   Webradio