• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော် ဖွဲ့စည်းပုံ စနစ်တကျ ဖြစ်အောင် ပြုပြင်ပြောင်းလဲ

(GMT+08:00) 2017-08-01 09:49:53

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရဲဝံ့သော ပြည်သူ့ တပ်မတော်ကို ကမ္ဘာ့ ရှေ့ပြေး စံချိန်မီ တပ်မတော် အဖြစ် တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ပီကင်းထျန်းအန်းမင် ရင်ပြင်ကြီး၌ စစ်ရေးပြ ချီတက်ပွဲတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် စစ်မှုထမ်း ဦးရေ ၃ သိန်း လျှော့ချမည်ဟု ကြေညာခဲ့သည်။

တရုတ် တပ်မတော် ဖွဲ့စည်းပုံ စနစ်တကျ ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ ဆောင်ရွက်နေပြီး လက်နက် တပ်ဆင်မှုပစ္စည်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းကိုလည်း လျင်မြန်စွာ ဆောင်ရွက်နေသည်။ တရုတ် တပ်မတော်သည် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အကျိုးပြု စွမ်းဆောင် ပေးနေသည်။

   Webradio