• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်ဦးဆောင်သော မဟာမိတ်အဖွဲ့ကို ဖျက်သိမ်းရန် ကုလအား ဆီးရီးယား ပန်ကြား

(GMT+08:00) 2017-07-31 15:46:42

        ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခုလ ၃၀ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာပေးပို့ခဲ့ရာ အမေရိကန်နိုင်ငံ ဦးဆောင်သော မဟာမိတ်အဖွဲ့၏ ဆီးရီးယားနိုင်ငံအား ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားများ သေကြေဒဏ်ရာရရှိစေခဲ့ခြင်းကြောင့် မဟာမိတ်အဖွဲ့ကို ဖျက်သိမ်းရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းစာစောင်တွင် မဟာမိတ်အဖွဲ့ ထူထောင်ခဲ့သည့်နောက်ပိုင်း ဆီးရီးယားနိုင်ငံအား ကြိမ်ဖန်များစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင်လအတွင်းတွင်ပင် မဟာမိတ်အဖွဲ့သည် ဆီးရီးယားအရှေ့ပိုင်းဒေသကို ၇ကြိမ်တိုင်တိုင် ဗုံကြဲတိုက်ခိုက်ပြီး အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သား များစွာ သေကြေဒဏ်ရာရရှိစေခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio