• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်တပ်မတော် စစ်ရေးပြ ချီတက်ပွဲတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို နိုင်ငံတကာ မိသားစုကြီး အာရုံစိုက်

(GMT+08:00) 2017-07-31 09:51:08

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲကို ယခုလ ၃၀ ရက်နေ့က အတွင်းမွန်ဂိုးပြည်နယ် ကျူရိဟို လေ့ကျင့်ရေး စခန်း၌ ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တပ်မတော်ကို ကြည့်ရှု စစ်ဆေးပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

စင်ကာပူ နန်ယန် သိပ္ပံပညာ တက္ကသိုလ် နိုင်ငံတကာဆက်ဆံမှု ကောလိပ်ကျောင်းမှ အဆင့်မြင့် သုတေသီ တစ်ဦးက၊ ယခုအကြိမ် စစ်ရေးပြ ချီတက်ပွဲသည် စစ်ရေး လေ့ကျင့်ပွဲနှင့် နီးစပ်ပြီး တရုတ် တပ်မတော်၏ အားကောင်းသော လက်နက်အင်အားနှင့် စစ်မှုထမ်းများ၏ မြင့်မားသော အရည်အချင်းကို ပြသနေကြောင်း သတင်းထောက်ကို ပြောပြသည်။

တောင်ကိုးရီးယား ထမ်ဂို တက္ကသိုလ် နိုင်ငံရေးနှင့် သံတမန်ရေးဌာန ပါမောက္ခ တစ်ဦး၊ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် တပ်မတော် ပြုပြင်ပြောင်းလဲမှု အကြောင်းကို ပြောမိ ခဲ့ကြောင်း၊ တပ်မတော် ပြုပြင်ပြောင်းလဲမှုဖြင့် တရုတ် တပ်မတော်သည် ကမ္ဘာ့ ရှေးပြေး အရည်အချင်းသို့ တက်လှမ်းနေကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ကြည်း ရေ လေတပ်များနှင့် ဒုံးကျည်တပ်ဖွဲ့တို့၏ ခေတ်မီ အရည်အချင်းသည် ကမ္ဘာ့ ရှေ့ပြေး နေရာသို့ ရောက်ပြီ ဖြစ်ကြောင်း၊ တရုတ် ကိုယ်ပိုင် ထုတ်လုပ်သော လက်နက်များဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

အီဂျစ် သမ္မတနိုင်ငံ သတင်းစာ ပထမ ဒုအယ်ဒီတာချုပ် ဖာဥဇ်က၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီး အင်အား တစ်ရပ် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio