• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယ ပင်လယ်ကမ်း စောင့်တပ်သည် ဘိန်းဖြူ ကီလိုဂရမ် ၁၅၀၀ ဖမ်းဆီးရမိ

(GMT+08:00) 2017-07-31 09:47:30

အိန္ဒိယ ပင်လယ်ကမ်း စောင့်တပ်သည် ယခုလ ၃၀ ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် အိန္ဒိယ အနောက်ပိုင်း ဂူဂ်ရာပြည်နယ် အနီးတဝိုက် ပင်လယ်ပြင်၌ ပနားမား နိုင်ငံ၏ ကုန်တင်သင်္ဘောပေါ်မှ ဘိန်းဖြူ ကီလိုဂရမ် ၁၅၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အရာရှိ တစ်ဦးက၊ ယင်းသည် လက်ရှိအချိန်အထိ အိန္ဒိယပင်လယ်၌ ဖမ်းဆီးရမိသော ဘိန်းဖြူ ပမာဏ အများဆုံးသော မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှု ဖြစ်ကြောင်း ပြောကြား ပါသည်။

   Webradio