• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်မြေပြင် အခြေအနေမျိုး စစ်ရေးပြချီတက်ပွဲ ပြုလုပ်

(GMT+08:00) 2017-07-30 10:28:29

ယခုနှစ် သြဂုတ်လ ၁ ရက်နေ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ယခုလ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် တပ်မတော် စစ်ရေးပြ ချီတက်ပွဲကို ကျူရိဟို လေ့ကျင့်ရေးစခန်း၌ ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တပ်မတော်ကို စစ်ဆေးကြည့်ရှုပြီး အရေးကြီး မိန့်ခွန်း ပြောကြားသည်။ ယင်းသည် လွန်ခဲ့သည့်နှစ်များ အတွင်း တရုတ် တပ်မတော်က စစ်မြေပြင် အခြေအနေမျိုးတွင် စစ်ရေးပြ ချီတက်ပွဲ ပြုလုပ်ခြင်း ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ပထမဆုံးအကြိမ် တပ်မတော်နေ့ အထိမ်းအမှတ် ပြုခြင်း အဖြစ် ပြုလုပ်သော စစ်ရေးပြချီတက်ပွဲလည်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio